University of Computer Studies (Hpa-an)

UCS-Hpaan-photo-2
IMG-1de28f07639191368c272a3533b163ad-V
UCS Hpaan photo 3
IMG-11899a940b940c38bd0711465e153b21-V
lobby 2
lobby 3
GCC-opening-1
previous arrowprevious arrow
next arrownext arrow
Shadow

Welcome to our University !!

The University specializes in offering computer science and technology study.

The University provides best higher education for the local youth and promote the developement of ICT technology within Kayin State.

UCS (Hpa-an) Now

October 29, 2024မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အား ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနား Project Show 2024 ကို ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တွင် (၁၁-၁၀-၂၀၂၄)ရက် သောကြာနေ့ နံနက် (၉:၀၀) မှ နေလယ် (၁၂:၀၀)နာရီထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ Project Show 2024 တွင် Hardware Project (၇)ခုနှင့် Software Project (၂၆)ခု စုစုပေါင်း Project (၃၃)ခု ပြသခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ သင်တန်းနှစ်ပေါင်းစုံ Project Show 2024 ပြပွဲအား ဆရာ / ဆရာမများ၊ ကျေင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအားလုံး စည်းစည်းလုံးလုံး တက်ညီလက်ညီ ဆောင်ရွက်လျက် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ [...] Read more...
October 16, 2023၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (၂-၂-၂၀၂၃)ရက်နေ့တွင် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ကျောင်းသူများပါဝင်သော အဖွဲ့(၅)ဖွဲ့ မှ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကို  ကျင်းပခဲ့ ပါသည်။ [...] Read more...
December 26, 2022၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ရှိ ကျောင်းသား၊ ကျောင်းသူများ အား လွတ်လပ်ရေး၏တန်ဖိုး၊ လက်ဆင့်ကမ်းတာဝန်၊ မြန်မာ့လွတ်လပ်ရေးသမိုင်းနှင့် (၇၅)နှစ် စိန်ရတုတိုင် ကြိုးပမ်းခဲ့သည့် အချက်များကို သိရှိတာဝန်ယူတက်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ ကို (၂၆-၁၂-၂၀၂၂)ရက်၊ တနင်္လာနေ့ တွင် ကျင်းပခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ [...] Read more...
December 23, 2022ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို (၂၃-၁၂-၂၀၂၂)ရက်၊ သောကြာနေ့ နေလည် (၂း၀၀)နာရီ တက္ကသိုလ်ဘွဲ့နှင်းခန်းမတွင် ကျင်းပခဲ့ပါသည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦး၊ ကရင်ပြည်နယ်တရားလွှတ်တော်ချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ကရင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း နှင့် ကရင်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးစိုးလွင် တို့တက်ရောက်ခဲ့ပါသည်။ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ မောင်မယ်သစ်လွင်များအတွက် ထောက်ပံ့ချီးမြှင့်ငွေ သိန်း(၂၀)ကျပ် ကို ချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ၏ ကပြဖြေဖျော်မှုများကို ကြည့်ရှု အားပေး၍ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ နှုတ်ဆက် ကြိုဆိုခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲပြီး မောင်မယ်သစ်လွင် (၉၁)ဦး အခြားကျောင်းသားသူများစုစုပေါင်း (၁၉၄)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်ပြီး မောင်မယ်သစ်လွင်များကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။ [...] Read more...
December 15, 2022ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှင့် ဒီဇင်ဘာလအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို (၁၅-၁၂-၂၀၂၂)ရက် ကြာသာပတေးနေ့ ညနေ (၃း၀၀)နာရီတွင် တက္ကသိုလ် အားကစားရုံတွင် ကျင်းပခဲ့ပြီး၊ ကြက်တောင် ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ပါသည်။ [...] Read more...
December 12, 2022ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဆိုင်ရာ သိမှတ်စရာများ အသိပညာပေးဟောပြောပွဲ ကို (၁၂-၁၂-၂၀၂၂)ရက်၊ တနင်္လာနေ့၊ နေလည် (၂း၃၀)နာရီ မှ ညနေ(၄း၀၀)နာရီအထိ ဘွဲ့နှင်းခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကရင်ပြည်နယ်၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ခင်စီ၊ ဒုပြည်နယ်ဦးစီးမှူး ၊ ရဲမှူးကြီး ဦးဟန်ဝေ နှင့် ဒုရဲမှူး ဦးမျိုးကျော်ညွန် တို့မှ ယာဉ်လမ်းအမှတ်အသား၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြပြီး၊ ဆရာ၊ ဆရာမ (၃၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၀)ဦး တက်ရောက်ခဲ့ပါသည်။ [...] Read more...
November 20, 2022ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကို ၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းသားကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိပါသည်။ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) သို့ဝင်ခွင့်ရရှိခဲ့သော မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်ခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို (၂၁-၁၁-၂၀၂၂)ရက်နေ့ နေလည် (၁း၀၀)နာရီ၊ ဘွဲ့နှင်းခန်းမတွင် ပြုလုပ်ခဲ့ပြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ သင်တန်းမှူးများ၊ အတန်းပိုင် ဆရာ၊ ဆရာမများတက်ရောက်၍ ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး ကို မိတ်ဆက် ကြိုဆိုခဲ့ကြပါသည်။ [...] Read more...
November 12, 2022ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မှ ဝန်ထမ်းများနှင့် ဆရာမများ စုပေါင်း၍ ကထိန်အလှူတော်ငွေ (၂)သိန်းကျပ်ကျော်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ တွင် ကျိုက်ပတိုင်ကျောင်းတိုက်သို့ လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့ တွင် ကထိန်အလှူတော်ငွေ (၃)သိန်းကျပ်ကို ကျောင်း သို့ လည်းကောင်း လှူဒါန်းခဲ့ပါသည်။ ကထိန်အလှူအတွက် ဝန်ထမ်းများနှင့် ဆရာမများ အားလုံးအား မုန့်ဟင်းခါး ကျွေးမွေးခဲ့ပါသည်။ [...] Read more...
November 7, 2022၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၇)ရက် နေ့တွက် ကျရောက်သော (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြခန်း ပြသခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ် (ဘားအံ) မှ ကျောင်းနှင့် သက်ဆိုင်သော ဗဟုသုတ အချက်အလက်များအား အများပြည်သူသိရှိစေရန် ပြခန်း ပြသခဲ့ပါသည်။ [...] Read more...
July 7, 2022ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို (၇-၇-၂၀၂၂)ရက်နေ့တွင် သစ်ပင်(၂၀၀)ခန့်၊ ပင်မကျောင်းဆောင် မြက်ခင်းပြင်တွင် ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၁၁၉)ဦး ပါဝင် စိုက်ပျိုးခဲ့ပါသည်။ [...] Read more...
April 30, 2022ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ (၁၂)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို (၂၉-၄-၂၀၂၂)ရက်နေ့ နှင့် (၃၀-၄-၂၀၂၂) ရက်နေ့တွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် တွင်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျင်းပခဲ့ပါသည်။ [...] Read more...
November 16, 2021ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မှ ဝန်ထမ်းများနှင့် ဆရာမများ စုပေါင်း၍ ကထိန်အလှူတော်ငွေ (၃)သိန်းကျပ်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ တွင် ကျိုက်ပတိုင်ကျောင်းတိုက်သို့ လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့ တွင် ကထိန်အလှူတော်ငွေ (၃)သိန်းကျပ်ကို ဖားမဲတောင်ကျောင်း သို့ လည်းကောင်း လှူဒါန်းခဲ့ပါသည်။ ကထိန်အလှူအတွက် ဝန်ထမ်းများနှင့် ဆရာမများ အားလုံးအား မုန့်ဟင်းခါး ကျွေးမွေးခဲ့ပါသည်။ The university’s teachers and staffs donated Kaht‌ain at two monasteries; kyet patine monastry and Hparmae Mountain monastry. Total of 6 lakhs has been donated by all staffs from the university. On Friday 12-11-2021, Monhinkar had been offered for the Kahtain donation day. All staffs and teachers enjoy it. Kahtain donation at Kyet Patine Monastry. [...] Read more...
November 15, 2021The Ministry of Science and Technology holds the welcome ceremony for newly appointed tutors and demonstrator at all universities under the department of science and technology on 15-11-2021. All teachers at the university of computer studies (Hpaan) participates in the ceremony to welcome and encourage the newly appointed teachers. Welcome ceremony for newly appointed teachers Welcome ceremony for newly appointed teachers [...] Read more...
November 7, 2021To honor the 66th Anniversary of Kayin State Day (7 November 2021), the education show is exhibited at the Thiri football stadium. The University of Computer Studies (Hpaan) participates at the education show room. Other ministries also display their work at the exhibition. [...] Read more...
September 30, 2021ဝါဆိုသင်္ကန်းကပ်လှူခြင်း ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ နှစ်စဉ် ဝါဆိုသင်္ကန်းကပ်လှူသည့် အလှူတော် အခန်းအနားကို ကြာသပတေးနေ့၊ နေလည် (၃)နာရီ၊ (၃၀-၉-၂၀၂၁)ရက်နေ့တွင် တက္ကသိုလ်၏ဘွဲ့နှင်းခန်းမတွင် ကျင်းပခဲ့ပါသည်။ ကျောင်းတိုက်မှ ဆရာတော် (၅)ပါး အားပင့်ဖိတ်၍ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများမှ စုပေါင်း၍ အလှူတော်ငွေ (၂)သိန်းကျပ်ကိုလှူဒါန်းခဲ့ပြီး ပရိတ်တရားတော်များ နားကြား၍ သတ္တဝါအားလုံးတို့အား အမျှပေးဝေခဲ့ပါသည်။ [...] Read more...

Announcements

May 6, 2025ဒုတိယနှစ်ဝက် ပညာသင်ကာလအတွက် ကျောင်းအပ်လက်ခံခြင်းကို (၂၂-၅-၂၀၂၅)ရက်နေ့တွင် စတင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ [...] Read more...
February 28, 2025၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်ကင်းကွာ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းအပ်နှံတက်ရောက်ခွင့်အား သိရှိနိုင်ရန် ကြေညာခြင်း ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားလုံးအား နောက်ဆုံးနှစ်သင်တန်း ပြန်လည်တက်ရောက်ခွင့်နှင့်စပ်လျဉ်း၍ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ၏ ညွှန်ကြားချက်အရ – “ယခုဖွင့်လှစ်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပြင်ပဖြေကျောင်းသား အဖြစ် (၁) ကြိမ်သာ လက်ခံ၍ ကျောင်းပြန်လည်တက်ရောက်ခွင့်ပြုမည်ဖြစ်ပါကြောင်း” ကြေညာအပ်ပါသည်။ ကျောင်းအပ်နှံနောက်ဆုံးရက် – (၂၁-၃-၂၀၂၅)ရက်  သောကြာနေ့စာမေးပွဲကျင်းပမည်ရက် – (၂၄-၃-၂၀၂၅)ရက်နေ့မှ (၃-၄-၂၀၂၅)ရက်နေ့ထိသင်ခန်းစာများ စတင်ဆွေးနွေးမည့်ရက် – (၆-၃-၂၀၂၅)ရက် ကြာသပတေးနေ့ ကျောင်းအပ်နှံရာတွင် တင်ပြရမည် အချက်အလက်များကို အသေးစိတ်သိရှိရန် ကျောင်းသားရေးရာဌာန၊ ဖုန်း(၀၉-၈၈၇၅၆၃၆၉၁) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျောင်းသားရေးရာဌာန ကွန်ပျူတာတက္ကသိုလ်(ဘားအံ) [...] Read more...
November 10, 20242024-2025 Academic Year University of Computer Studies (Hpa-an) University Admission Student List 2024 University Entrance Exam Passed Students [...] Read more...
November 15, 2022Students who had passed the 2022 matriculation examination, a total of 121 students are eligible to study at the UCS(Hpa-an). The admission students list to the University of Computer Studies (Hpa-an) had been announced by the department of higher education. 2022 Passed Student Entrance to UCS(Hpa-an)Download [...] Read more...
November 15, 2022ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ ပုံမှန်ဖွင့်လှစ်လျက်ရှိသော ဘွဲ့ကြိုသင်တန်းများ(ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာ နည်းပညာ)ကို (၁၀-၁၁-၂၀၂၂)ရက်နေ့မှစတင်၍ အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်မည်ဖြစ်ပါသည်- အကြောင်းအရာကာလ / နေ့ရက်ဖွင့်လှစ်သည့် ဘွဲ့ကြိုသင်တန်းများ(က) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)၊ ဒုတိယနှစ်/တတိယနှစ်/စတုတ္တနှစ် (ပထမနှစ်ဝက်)(ခ) ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်၊ ပဉ္စမနှစ် (ဒုတိယနှစ်ဝက်)(ဂ) ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)ကျောင်းအပ်လက်ခံရက်(က) ကျောင်းသားဟောင်း(၂၇-၁၁-၂၀၂၂)ရက် မှ (၁၈-၁၁-၂၀၂၂)ရက် ထိ(ခ) ကျောင်းသားသစ် (ပထမနှစ်)(၁၀-၁၁-၂၀၂၂)ရက် မှ (၉-၁၂-၂၀၂၂)ရက် ထိကျောင်းစတင်ဖွင့်လှစ်မည့်ရက်(က) ကျောင်းသားဟောင်း – (၁၀-၁၁-၂၀၂၂)ရက်နေ့(ခ) ကျောင်းသားသစ် (ပထမနှစ်) – (၂၁-၁၁-၂၀၂၂)ရက်နေ့စာသင်ကာလ(၁၀-၁၁-၂၀၂၂)ရက်နေ့ မှ (၂-၃-၂၀၂၃)ရက်နေ့ထိ ကိုယ်ပိုင်စာကြည့်ချိန်(၃-၃-၂၀၂၃)ရက်နေ့ မှ (၈-၃-၂၀၂၃)ရက်နေ့ထိစာမေးပွဲကျင်းပမည့်ကာလ(၉-၃-၂၀၂၃)ရက်နေ့ မှ (၂၄-၃-၂၀၂၃)ရက်နေ့ထိ ကျောင်းအပ်နှံရန် အောက်ပါ အထောက်အထားများ ယူဆောင်လာပါရန် – (၁) ဓါတ်ပုံ (၃)ပုံ (၂) အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း မိမိနေထိုင်သည့် မြို့နယ်ရှိ ရဲစခန်းထောက်ခံစာ (၃) မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်တွင်အမှန်တကယ်နေထိုင်ကြောင်းထောက်ခံစာ (၄) မိမိနေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ မြို့နယ်တွင် အမှန်တကယ်နေထိုင်ကြောင်း‌ထောက်ခံစာ (၅) ကျောင်းသား/သူ နှင့် မိဘ (၂)ပါး (သို့) အုပ်ထိန်းသူ ၏ မှတ်ပုံတင် မိတ္တူ (၆) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် (သို့) အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်း၏ ထောက်ခံစာ (မူရင်း နှင့် မိတ္တူ) (၇) အိမ်ထောင်စုစာရင်း မိတ္တူ (၈) COVID 19 ကာကွယ်ဆေးထိုးနှံပြီးပါက အထောက်အထား စာရွက် မိတ္တူ ကျောင်းအပ်နှံခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ကျောင်းသားရေးရာဌာန သို့ ရုံးချိန်အတွင်း ဖုန်း – ၀၉၈၈၇၅၆၃၆၉၁ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။ [...] Read more...
April 1, 2022Students who had passed the 2020 matriculation examination, a total of 72 students are eligible to study at the UCS(Hpa-an). The admission students list to the University of Computer Studies (Hpa-an) had been announced by the department of higher education. 2020 Entrance ListDownload [...] Read more...
December 4, 2021Admission List The admission students list to the University of Computer Studies (Hpaan) had been announced by the department of higher education. Among students who had passed the 2019 matriculation examination, a total of 120 students are eligible to study at the UCS(Hpaan). Student-List-2019-Pass-Entrance-to-UCS-HpaanDownload [...] Read more...