Welcoming Fresher of 2022-2023 AC Students

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကို ၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းသားကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိပါသည်။

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) သို့ဝင်ခွင့်ရရှိခဲ့သော မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်ခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို (၂၁-၁၁-၂၀၂၂)ရက်နေ့ နေလည် (၁း၀၀)နာရီ၊ ဘွဲ့နှင်းခန်းမတွင် ပြုလုပ်ခဲ့ပြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ သင်တန်းမှူးများ၊ အတန်းပိုင် ဆရာ၊ ဆရာမများတက်ရောက်၍ ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး ကို မိတ်ဆက် ကြိုဆိုခဲ့ကြပါသည်။