About

Our vision

To develop the qualified IT professionals required for the development of the ICT sector of the Republic of the Union of Myanmar.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ICT ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သော အရည်အချင်းပြည့်မီသော  အိုင်တီပညာရှင်များကို ပြုစုပျိုးထောင်ပေးရန်။

To actualize potential and enhance lives through the power of learning, our actions and our people.

သင်ယူမှုစွမ်းအား၊ တက္ကသိုလ်၏လုပ်ဆောင်ချက်များနှင့် တက္ကသိုလ်၏ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများ၏ စွမ်းအားများ ဖြင့် လူစွမ်းအား အရင်းအမြစ်များပြုစုပျိုးထောင်ရန်၊ အခွင့်လမ်းကောင်းများကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် ဘဝမြှင့်တင်ရန်။

Our purpose

We are an established provider of quality higher education. Our purpose is to provide the best available opportunity for students to develop the knowledge, skills and attitudes they need to attain their goals.

တက္ကသိုလ်သည် အရည်အသွေးရှိသော အဆင့်မြင့်ပညာရေးကို ပံ့ပိုးပေးသူ ဖြစ်သည်။ တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် ၎င်းတို့၏ ပန်းတိုင်ရောက်ရန် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားများ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်းဆုံး ရရှိနိုင်သည့်အခွင့်အရေးကို ပေးဆောင်ရန်ဖြစ်သည်။

The university aims to develop professionals who can use information technology to meet the needs of local communities and society.

တက္ကသိုလ်သည် ဒေသခံလူထုနှင့် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို သတင်းအချက်အလက် နည်းပညာဖြင့် ပြောင်းလဲပေးနိုင်သော ပရော်ဖက်ရှင်နယ်များကို ပြုစုပျိုးထောင်ပေး ရန်ဖြစ်သည်။

About University

ကွန်ပျူတာတက္ကသိုလ် (ဘားအံ) သည် ကရင်ပြည်နယ်၊ ဘားအံမြို့မှ ၅ မိုင်ခန့်အကွာ၊ ဘားကပ် စံပြကျေးရွာ အနီးတွင် တည်ရှိပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၄၁.၃၃) ဧက ကျယ်ဝန်းပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ် တစ်ခု ဖြစ်ပါသည်။

University of Compute Studies (Hpaan) is located at Kayin State, Hpaan Township, near BarKat Model Village with total area 41.33 acres wide. It is one of the State-owned university under the Department of Advanced Science and Technology, Ministry of Science and Technology.

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သည် ကရင်ပြည်နယ်အတွက် အရည်အသွေးမြင့် အဆင့်မြင့်ပညာရေး သင်ယူမှု တိုးတက်စေရန်၊ ဒေသခံလူငယ်များအား သတင်းအချက်အလက်နည်းပညာများ ကျွမ်းကျင် တက်မြောက်စေရန်၊ ဒေသတွင်း သတင်းအချက်အလက် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

The University of Computer Studies  (Hpaan) aims to provide the quality higher education in Kayin State. Efforts are being made to develop information technology in the region and to equip local youth with IT skills.

တက္ကသိုလ်သည် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဘာသာရပ်များကို အထူးပြု သင်ကြားပေး လျက်ရှိပါသည်။  ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ မဟာကွန်ပျူတာသိပ္ပံဘွဲ့၊  မဟာကွန်ပျူတာနည်းပညာဘွဲ့၊ မဟာသုတသိပ္ပံဘွဲ့၊ ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာဘွဲ့ ၊ ဘွဲ့လွန်ကွန်ပျူတာပြုပြင်ထိန်းသိန်းရေး ဒီပလိုမာဘွဲ့၊ ဘွဲ့လွန်ကွန်ပျူတာအသုံးချဒီပလိုမာဘွဲ့ များကို ပေးအပ်ခဲ့ပြီး၊ စုစုပေါင်း ဘွဲ့ရဦးရေ (၉၄၇)ဦး ပြုစုပျိုးထောင် ပြီးဖြစ်ပါသည်။ ဘွဲ့ရ လူငယ်များသည် ယခုအချိန်တွင် IT နှင့်ပတ်သက်သော အလုပ်အကိုင်များ ရရှိထားပြီး၊ ကွန်ပျူတာသိပ္ပံဘွဲ့ သည် ၎င်းတို့၏ ဘဝများကို မြှင့်တင်ပေးကာ၊ နိုင်ငံတကာမှ ကွန်ပျူတာပညာရှင်များနှင့် တန်းတူ အလုပ်အကိုင်များ လုပ်ကိုင်နိုင်သည်ဟု လက်ခံလျက်ရှိပါသည်။ ယခုအခါ လူငယ်တို့သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဘွဲ့များ လိုအပ်ကြောင်း လက်ခံနေပြီဖြစ်ပါသည်။

The University specializes in Computer Science and Technology.  The University offers the Bachelor of Computer Science (B.C.Sc.), Bachelor of Computer Technology (B.C.Tech.), Master of Computer Science (M.C.Sc.), Master of Computer Technology (M.C.Tech.), Master of Information Science (M.I.Sc.), Postgraduate Diploma in Computer Science (D.C.Sc.), Postgraduate Diploma in Computer Maintenance (D.C.M), Postgraduate Diploma in Applied Computer Science (D.C.A).  A total of 947 graduates have been trained since 2001. Graduates are now having IT related jobs and they accepted that a computer science degree enhances their lives and they are able to work on an equal footing with international computer technicians. They are now accepting that they need degree in Computer Science and Technology for their career.

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ နှစ်စဉ် ကျောင်းသားဦးရေ (၁၂၀)ဦး ဝင်ခွင့် လက်ခံလျက်ရှိပြီး၊ သုတေသနလက်တွေ့ခန်းများ တိုးချဲ့ တည်ဆောက်၍ လက်တွေ့ကျသော ပေါင်းစပ်မှုမှ တဆင့် အမှန်တကယ် တက်မြောက်သော ကွန်ပျူတာသိပ္ပံပညာရှင်များ ပြုစုပျိုးထောင်လျက်ရှိပါသည်။ သင်ကြားရေး အထောက်အကူ ပစ္စည်းများ ပြည့်စုံစွာဖြင့် သင်ယူနိုင်ရန် နှစ်စဉ် ဖြည့်ဆည်း ပေးလျက်ရှိပါသည်။ 

The University of Computer Studies  (Hpaan) accepts 120 students annually. We are cultivating truly advanced computer scientists through practical integration by establishing research laboratories. Every year a complete set of teaching aids are being filling up.

တက္ကသိုလ်သည် ကျောင်းသား၊ ကျောင်းသူများ၏ ကျွမ်းကျင်မှု၊ ယုံကြည်မှု နှင့် စိတ်ဓာတ်ကို ပညာရေး သာမက အားကစား၊ လူမှုဆက်ဆံရေး စွမ်းရည် များကို ပါ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေး လျက်ရှိပါသည်။ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ အားလုံးက ၎င်းတို့၏ စွမ်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ၏ ပညာရေးနှင့် အသက်မွေး ဝမ်းကြောင်း ဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရန် ပံ့ပိုးကူညီ လျက်ရှိပါသည်။

The University prepares students to develop skills, confidence, morale and not only education but also sports and social skills. All teachers and staffs share a deep commitment to help students to achieve their educational and career goals.