Waso Donation

ဝါဆိုသင်္ကန်းကပ်လှူခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ နှစ်စဉ် ဝါဆိုသင်္ကန်းကပ်လှူသည့် အလှူတော် အခန်းအနားကို ကြာသပတေးနေ့၊ နေလည် (၃)နာရီ၊ (၃၀-၉-၂၀၂၁)ရက်နေ့တွင် တက္ကသိုလ်၏ဘွဲ့နှင်းခန်းမတွင် ကျင်းပခဲ့ပါသည်။ ကျောင်းတိုက်မှ ဆရာတော် (၅)ပါး အားပင့်ဖိတ်၍ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများမှ စုပေါင်း၍ အလှူတော်ငွေ (၂)သိန်းကျပ်ကိုလှူဒါန်းခဲ့ပြီး ပရိတ်တရားတော်များ နားကြား၍ သတ္တဝါအားလုံးတို့အား အမျှပေးဝေခဲ့ပါသည်။