ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဆိုင်ရာ သိမှတ်စရာများ အသိပညာပေးဟောပြောပွဲ ကို (၁၂-၁၂-၂၀၂၂)ရက်၊ တနင်္လာနေ့၊ နေလည် (၂း၃၀)နာရီ မှ ညနေ(၄း၀၀)နာရီအထိ ဘွဲ့နှင်းခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ ကရင်ပြည်နယ်၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ခင်စီ၊ ဒုပြည်နယ်ဦးစီးမှူး ၊ ရဲမှူးကြီး ဦးဟန်ဝေ နှင့် ဒုရဲမှူး ဦးမျိုးကျော်ညွန် တို့မှ ယာဉ်လမ်းအမှတ်အသား၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြပြီး၊ ဆရာ၊ ဆရာမ (၃၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၀)ဦး တက်ရောက်ခဲ့ပါသည်။