၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို (၂၃-၁၂-၂၀၂၂)ရက်၊ သောကြာနေ့ နေလည် (၂း၀၀)နာရီ တက္ကသိုလ်ဘွဲ့နှင်းခန်းမတွင် ကျင်းပခဲ့ပါသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦး၊ ကရင်ပြည်နယ်တရားလွှတ်တော်ချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ကရင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း နှင့် ကရင်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးစိုးလွင် တို့တက်ရောက်ခဲ့ပါသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ မောင်မယ်သစ်လွင်များအတွက် ထောက်ပံ့ချီးမြှင့်ငွေ သိန်း(၂၀)ကျပ် ကို ချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ၏ ကပြဖြေဖျော်မှုများကို ကြည့်ရှု အားပေး၍ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ နှုတ်ဆက် ကြိုဆိုခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲပြီး မောင်မယ်သစ်လွင် (၉၁)ဦး အခြားကျောင်းသားသူများစုစုပေါင်း (၁၉၄)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်ပြီး မောင်မယ်သစ်လွင်များကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။