Categories
Event News

Welcoming Fresher of 2022-2023 AC Students

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကို ၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းသားကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိပါသည်။

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) သို့ဝင်ခွင့်ရရှိခဲ့သော မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်ခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို (၂၁-၁၁-၂၀၂၂)ရက်နေ့ နေလည် (၁း၀၀)နာရီ၊ ဘွဲ့နှင်းခန်းမတွင် ပြုလုပ်ခဲ့ပြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ သင်တန်းမှူးများ၊ အတန်းပိုင် ဆရာ၊ ဆရာမများတက်ရောက်၍ ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး ကို မိတ်ဆက် ကြိုဆိုခဲ့ကြပါသည်။

Categories
Announce

2022 Passed Entrance Students

Students who had passed the 2022 matriculation examination, a total of 121 students are eligible to study at the UCS(Hpa-an).

The admission students list to the University of Computer Studies (Hpa-an) had been announced by the department of higher education.

Categories
Announce

Reopening University 2022-2023 Academic Year

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ ပုံမှန်ဖွင့်လှစ်လျက်ရှိသော ဘွဲ့ကြိုသင်တန်းများ(ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာ နည်းပညာ)ကို (၁၀-၁၁-၂၀၂၂)ရက်နေ့မှစတင်၍ အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်မည်ဖြစ်ပါသည်-

အကြောင်းအရာကာလ / နေ့ရက်
ဖွင့်လှစ်သည့် ဘွဲ့ကြိုသင်တန်းများ(က) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)၊ ဒုတိယနှစ်/တတိယနှစ်/စတုတ္တနှစ် (ပထမနှစ်ဝက်)
(ခ) ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်၊ ပဉ္စမနှစ် (ဒုတိယနှစ်ဝက်)
(ဂ) ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)
ကျောင်းအပ်လက်ခံရက်(က) ကျောင်းသားဟောင်း
(၂၇-၁၁-၂၀၂၂)ရက် မှ (၁၈-၁၁-၂၀၂၂)ရက် ထိ
(ခ) ကျောင်းသားသစ် (ပထမနှစ်)
(၁၀-၁၁-၂၀၂၂)ရက် မှ (၉-၁၂-၂၀၂၂)ရက် ထိ
ကျောင်းစတင်ဖွင့်လှစ်မည့်ရက်(က) ကျောင်းသားဟောင်း – (၁၀-၁၁-၂၀၂၂)ရက်နေ့
(ခ) ကျောင်းသားသစ် (ပထမနှစ်) – (၂၁-၁၁-၂၀၂၂)ရက်နေ့
စာသင်ကာလ(၁၀-၁၁-၂၀၂၂)ရက်နေ့ မှ (၂-၃-၂၀၂၃)ရက်နေ့ထိ
ကိုယ်ပိုင်စာကြည့်ချိန်(၃-၃-၂၀၂၃)ရက်နေ့ မှ (၈-၃-၂၀၂၃)ရက်နေ့ထိ
စာမေးပွဲကျင်းပမည့်ကာလ(၉-၃-၂၀၂၃)ရက်နေ့ မှ (၂၄-၃-၂၀၂၃)ရက်နေ့ထိ

ကျောင်းအပ်နှံရန် အောက်ပါ အထောက်အထားများ ယူဆောင်လာပါရန် –

(၁) ဓါတ်ပုံ (၃)ပုံ

(၂) အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း မိမိနေထိုင်သည့် မြို့နယ်ရှိ ရဲစခန်းထောက်ခံစာ

(၃) မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်တွင်အမှန်တကယ်နေထိုင်ကြောင်းထောက်ခံစာ

(၄) မိမိနေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ မြို့နယ်တွင် အမှန်တကယ်နေထိုင်ကြောင်း‌ထောက်ခံစာ

(၅) ကျောင်းသား/သူ နှင့် မိဘ (၂)ပါး (သို့) အုပ်ထိန်းသူ ၏ မှတ်ပုံတင် မိတ္တူ

(၆) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် (သို့) အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်း၏ ထောက်ခံစာ (မူရင်း နှင့် မိတ္တူ)

(၇) အိမ်ထောင်စုစာရင်း မိတ္တူ

(၈) COVID 19 ကာကွယ်ဆေးထိုးနှံပြီးပါက အထောက်အထား စာရွက် မိတ္တူ

ကျောင်းအပ်နှံခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ကျောင်းသားရေးရာဌာန သို့ ရုံးချိန်အတွင်း ဖုန်း – ၀၉၈၈၇၅၆၃၆၉၁ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Categories
News

၂၀၂၂-ခုနှစ်၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ ကထိန်အလှူ

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မှ ဝန်ထမ်းများနှင့် ဆရာမများ စုပေါင်း၍ ကထိန်အလှူတော်ငွေ (၂)သိန်းကျပ်ကျော်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ တွင် ကျိုက်ပတိုင်ကျောင်းတိုက်သို့ လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့ တွင် ကထိန်အလှူတော်ငွေ (၃)သိန်းကျပ်ကို ကျောင်း သို့ လည်းကောင်း လှူဒါန်းခဲ့ပါသည်။

ကထိန်အလှူအတွက် ဝန်ထမ်းများနှင့် ဆရာမများ အားလုံးအား မုန့်ဟင်းခါး ကျွေးမွေးခဲ့ပါသည်။

Categories
News

67th Anniversary of Kayin State

၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၇)ရက် နေ့တွက် ကျရောက်သော (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြခန်း ပြသခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ် (ဘားအံ) မှ ကျောင်းနှင့် သက်ဆိုင်သော ဗဟုသုတ အချက်အလက်များအား အများပြည်သူသိရှိစေရန် ပြခန်း ပြသခဲ့ပါသည်။