Categories
Event News

Project Show 2024 ပြပွဲကျင်းပခြင်း

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အား ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနား Project Show 2024 ကို ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တွင် (၁၁-၁၀-၂၀၂၄)ရက် သောကြာနေ့ နံနက် (၉:၀၀) မှ နေလယ် (၁၂:၀၀)နာရီထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Project Show 2024 တွင် Hardware Project (၇)ခုနှင့် Software Project (၂၆)ခု စုစုပေါင်း Project (၃၃)ခု ပြသခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ သင်တန်းနှစ်ပေါင်းစုံ Project Show 2024 ပြပွဲအား ဆရာ / ဆရာမများ၊ ကျေင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအားလုံး စည်းစည်းလုံးလုံး တက်ညီလက်ညီ ဆောင်ရွက်လျက် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Categories
Event News

မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (၂-၂-၂၀၂၃)ရက်နေ့တွင် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ကျောင်းသူများပါဝင်သော အဖွဲ့(၅)ဖွဲ့ မှ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကို  ကျင်းပခဲ့ ပါသည်။

Categories
Event News

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပခြင်း

၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ရှိ ကျောင်းသား၊ ကျောင်းသူများ အား လွတ်လပ်ရေး၏တန်ဖိုး၊ လက်ဆင့်ကမ်းတာဝန်၊ မြန်မာ့လွတ်လပ်ရေးသမိုင်းနှင့် (၇၅)နှစ် စိန်ရတုတိုင် ကြိုးပမ်းခဲ့သည့် အချက်များကို သိရှိတာဝန်ယူတက်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ ကို (၂၆-၁၂-၂၀၂၂)ရက်၊ တနင်္လာနေ့ တွင် ကျင်းပခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

Categories
Event News

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို (၂၃-၁၂-၂၀၂၂)ရက်၊ သောကြာနေ့ နေလည် (၂း၀၀)နာရီ တက္ကသိုလ်ဘွဲ့နှင်းခန်းမတွင် ကျင်းပခဲ့ပါသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦး၊ ကရင်ပြည်နယ်တရားလွှတ်တော်ချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ကရင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း နှင့် ကရင်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးစိုးလွင် တို့တက်ရောက်ခဲ့ပါသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ မောင်မယ်သစ်လွင်များအတွက် ထောက်ပံ့ချီးမြှင့်ငွေ သိန်း(၂၀)ကျပ် ကို ချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ၏ ကပြဖြေဖျော်မှုများကို ကြည့်ရှု အားပေး၍ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ နှုတ်ဆက် ကြိုဆိုခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲပြီး မောင်မယ်သစ်လွင် (၉၁)ဦး အခြားကျောင်းသားသူများစုစုပေါင်း (၁၉၄)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်ပြီး မောင်မယ်သစ်လွင်များကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။

Categories
Event News

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှင့် ဒီဇင်ဘာလ အားကစား ပြိုင်ပွဲများ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှင့် ဒီဇင်ဘာလအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို (၁၅-၁၂-၂၀၂၂)ရက် ကြာသာပတေးနေ့ ညနေ (၃း၀၀)နာရီတွင် တက္ကသိုလ် အားကစားရုံတွင် ကျင်းပခဲ့ပြီး၊ ကြက်တောင် ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ပါသည်။