Categories
News

၂၀၂၂-ခုနှစ်၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ၏ ကထိန်အလှူ

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မှ ဝန်ထမ်းများနှင့် ဆရာမများ စုပေါင်း၍ ကထိန်အလှူတော်ငွေ (၂)သိန်းကျပ်ကျော်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ တွင် ကျိုက်ပတိုင်ကျောင်းတိုက်သို့ လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့ တွင် ကထိန်အလှူတော်ငွေ (၃)သိန်းကျပ်ကို ကျောင်း သို့ လည်းကောင်း လှူဒါန်းခဲ့ပါသည်။

ကထိန်အလှူအတွက် ဝန်ထမ်းများနှင့် ဆရာမများ အားလုံးအား မုန့်ဟင်းခါး ကျွေးမွေးခဲ့ပါသည်။

Categories
News

67th Anniversary of Kayin State

၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၇)ရက် နေ့တွက် ကျရောက်သော (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြခန်း ပြသခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ် (ဘားအံ) မှ ကျောင်းနှင့် သက်ဆိုင်သော ဗဟုသုတ အချက်အလက်များအား အများပြည်သူသိရှိစေရန် ပြခန်း ပြသခဲ့ပါသည်။

Categories
Event News

၂၀၂၂-ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို (၇-၇-၂၀၂၂)ရက်နေ့တွင် သစ်ပင်(၂၀၀)ခန့်၊ ပင်မကျောင်းဆောင် မြက်ခင်းပြင်တွင် ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၁၁၉)ဦး ပါဝင် စိုက်ပျိုးခဲ့ပါသည်။

Categories
Event News

(၁၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ (၁၂)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို (၂၉-၄-၂၀၂၂)ရက်နေ့ နှင့် (၃၀-၄-၂၀၂၂) ရက်နေ့တွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် တွင်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျင်းပခဲ့ပါသည်။

Categories
Announce

2020 Passed Student List

Students who had passed the 2020 matriculation examination, a total of 72 students are eligible to study at the UCS(Hpa-an).

The admission students list to the University of Computer Studies (Hpa-an) had been announced by the department of higher education.