Categories
Announce

၂၀၁၉-၂၀၂၀ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းအပ်နှံတက်ရောက်ခွင့်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်ကင်းကွာ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းအပ်နှံတက်ရောက်ခွင့်အား သိရှိနိုင်ရန် ကြေညာခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားလုံးအား နောက်ဆုံးနှစ်သင်တန်း ပြန်လည်တက်ရောက်ခွင့်နှင့်စပ်လျဉ်း၍ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ၏ ညွှန်ကြားချက်အရ –

ယခုဖွင့်လှစ်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပြင်ပဖြေကျောင်းသား အဖြစ် (၁) ကြိမ်သာ လက်ခံ၍ ကျောင်းပြန်လည်တက်ရောက်ခွင့်ပြုမည်ဖြစ်ပါကြောင်း”

ကြေညာအပ်ပါသည်။

  • ကျောင်းအပ်နှံနောက်ဆုံးရက် – (၂၁-၃-၂၀၂၅)ရက်  သောကြာနေ့
  • စာမေးပွဲကျင်းပမည်ရက် – (၂၄-၃-၂၀၂၅)ရက်နေ့မှ (၃-၄-၂၀၂၅)ရက်နေ့ထိ
  • သင်ခန်းစာများ စတင်ဆွေးနွေးမည့်ရက် – (၆-၃-၂၀၂၅)ရက် ကြာသပတေးနေ့

ကျောင်းအပ်နှံရာတွင် တင်ပြရမည် အချက်အလက်များကို အသေးစိတ်သိရှိရန် ကျောင်းသားရေးရာဌာန၊ ဖုန်း(၀၉-၈၈၇၅၆၃၆၉၁) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျောင်းသားရေးရာဌာန

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)