Categories
Announce

2024-2025 Academic Yr., Second Term

ဒုတိယနှစ်ဝက် ပညာသင်ကာလအတွက် ကျောင်းအပ်လက်ခံခြင်းကို (၂၂-၅-၂၀၂၅)ရက်နေ့တွင် စတင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

Categories
Announce

၂၀၁၉-၂၀၂၀ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းအပ်နှံတက်ရောက်ခွင့်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်ကင်းကွာ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းအပ်နှံတက်ရောက်ခွင့်အား သိရှိနိုင်ရန် ကြေညာခြင်း

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားလုံးအား နောက်ဆုံးနှစ်သင်တန်း ပြန်လည်တက်ရောက်ခွင့်နှင့်စပ်လျဉ်း၍ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ၏ ညွှန်ကြားချက်အရ –

ယခုဖွင့်လှစ်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပြင်ပဖြေကျောင်းသား အဖြစ် (၁) ကြိမ်သာ လက်ခံ၍ ကျောင်းပြန်လည်တက်ရောက်ခွင့်ပြုမည်ဖြစ်ပါကြောင်း”

ကြေညာအပ်ပါသည်။

  • ကျောင်းအပ်နှံနောက်ဆုံးရက် – (၂၁-၃-၂၀၂၅)ရက်  သောကြာနေ့
  • စာမေးပွဲကျင်းပမည်ရက် – (၂၄-၃-၂၀၂၅)ရက်နေ့မှ (၃-၄-၂၀၂၅)ရက်နေ့ထိ
  • သင်ခန်းစာများ စတင်ဆွေးနွေးမည့်ရက် – (၆-၃-၂၀၂၅)ရက် ကြာသပတေးနေ့

ကျောင်းအပ်နှံရာတွင် တင်ပြရမည် အချက်အလက်များကို အသေးစိတ်သိရှိရန် ကျောင်းသားရေးရာဌာန၊ ဖုန်း(၀၉-၈၈၇၅၆၃၆၉၁) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျောင်းသားရေးရာဌာန

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)

Categories
Announce

University Admission Student List

2024-2025 Academic Year

University of Computer Studies (Hpa-an)

University Admission Student List

2024 University Entrance Exam Passed Students

Categories
Event News

Project Show 2024 ပြပွဲကျင်းပခြင်း

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အား ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနား Project Show 2024 ကို ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တွင် (၁၁-၁၀-၂၀၂၄)ရက် သောကြာနေ့ နံနက် (၉:၀၀) မှ နေလယ် (၁၂:၀၀)နာရီထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Project Show 2024 တွင် Hardware Project (၇)ခုနှင့် Software Project (၂၆)ခု စုစုပေါင်း Project (၃၃)ခု ပြသခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ သင်တန်းနှစ်ပေါင်းစုံ Project Show 2024 ပြပွဲအား ဆရာ / ဆရာမများ၊ ကျေင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအားလုံး စည်းစည်းလုံးလုံး တက်ညီလက်ညီ ဆောင်ရွက်လျက် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Categories
Announce

2024-2025 Academic Year, First Term